ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အညွှန်းရေးဖို့ အချက်အလက်လိုက်ရှာတော့
ထူးခြားတာတစ်ခုတွေ့တယ်။ Online စွယ်စုံကျမ်းကြီးဖြစ်တဲ့ Wikipedia မှာ
History of crime fiction အကြောင်းအရာအောက်မှာ ဒီ Hard Boiled (1992) Lat
sau san taam ဇာတ်ကားကို ထည့်သွင်းပြောထားတာ တွေ့ရပါတယ်။ Fiction
ဇာတ်လမ်းဆိုပေမယ့် တကယ်လည်း ရှိခဲ့တဲ့အကြောင်းအရာတွေပါ
ထည့်သွင်းထားတာကြောင့် နမူနာပေးခံရတာလည်း ဖြစ်ပါတယ်။
မူခင်းရုပ်ရှင်နဲ့ပတ်သတ်ရင် နိုင်ငံတကာရုပ်ရှင်ကားတွေ အမျိုးမျိုးရှိပါတယ်။
အဲဒီထဲကမှာ ဟောင်ကောင် ဒုစရိုက်သမိုင်းကို စိတ်ကူးဇာတ်လမ်းဖော်ထားတဲ့
နာမည်ကျော် ဒါရိုက်တာကြီး John Woo ရဲ့လက်ရာဖြစ်ပါတယ်။ ဟောင်ကောင်
ရုပ်ရှင်ဆုပေးပွဲ နဲ့ Asia-Pacific Film Festival မှာ အကောင်းဆုံး
ရုပ်ရှင်တည်းဖြတ်ဆု ရရှိခဲ့တဲ့အပြင် ထုတ်လုပ်သူဆု လည်းရရှိခဲ့ပါတယ်။
ဇာတ်ပို့ဆု စကာတင်စာရင်းမှာလည်း Tony Leung Chiu Wai ပါဝင်ခဲ့ပါသေးတယ်။
Rating အပိုင်းကလည်း မြင့်တဲ့ကားကောင်းဖြစ်ပါတယ်။
Crime နဲ့ Drama ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ
သရုပ်ဆောင်တိုင်းရဲ့အားထုတ်မှုကိုလည်း မြင်ရမှာပါ။ အထူးသဖြင့် Chow Yun Fat
(ချောင်ရင်ဖတ် :P) ရဲ့ (သွားကြားထိုးတံလား၊ မီးခြစ်ဆံ ပါးစပ်မှာကိုက်ပြီး
မထိတထိပြုံးတဲ့) စတိုင်က အခုထက်ထိ မျက်လုံးထဲစွဲနေပါတယ်။ မျက်ရည်ချူတဲ့
ကားကောင်းထဲမှာလည်းပါ ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မပြောတော့ဘူး။
ကြည့်ပြီးသားဆိုရင်လည်း ပြန်ကြည့်ဖို့သင့်တဲ့ကားတစ်ကားပါလို့ ပြောပါရစေ။
ဟုတ်ကဲ့....မြန်မာဘာသာပြန်ပေးသူကတော့ စိုင်းလင်းမြတ် ဖြစ်ပါတယ်။
အညွှန်း - R!B
[FORMAT]:…………………………:) 720p HDRip
[GENRE]:………………………… .:) Action,Crime,Drama
[FILE SIZE]:……………………….:) 608 MB
[RESOLUTION]:………………….:) 854x460
[SUBTITLES]:……………………..:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 8mins
[iMDB RATING]:………………....:) 7.9/10
Related Posts