Menu

Fashion Trendy
  • Drop Down

    • Abstract
    • Model
    • Techo
    • Options
  • Photography Pictures Product

    Drop Menu

    • Crystal
    • Digital
    • Graphs
    • Settings
  • Menu

    မြန်မာစာတန်းထိုးဇာတ်လမ်းကောင်းများ

    • Home
    • Digital Art
      • Pics
        • SEO 1
        • SEO 2
      • CSS
        • CSS 1
        • CSS 2
        • CSS 3
        • CSS 4
        • CSS 5
      • Jquery
        • Jquery 1
        • Jquery 2
    • Fashion
      • Product 1
        • Sub Item
        • Sub Item
      • Product 2
        • Sub Item
        • Sub Item
    • Photography
    • Design
    Go
    Home » 2017 » Action » The Villainess (2017) မြန်မာစာတန်းထိုး

    The Villainess (2017) မြန်မာစာတန်းထိုး



    အမျိုးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျိုးမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျိုးတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။
    ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက
    လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို 
    ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။
    အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့ စားရမှာဖြစ်ပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာတော့ ယခု ဇာတ်ကားဟာ ချီးမွှမ်းသံတွေ အပြည့်ရရှိထားတာကိုတွေ့ရပါတယ်။ယခုဇာတ်ကားအတွက် ယုံကြည်စရာတစ်ခုက တာဝန်ယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Byung-Gil ဆိုတာကလည်း Confession Of Murder တို့လို အက်ရှင်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့ဘူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတာရယ်ကြောင့် ထိုက်တန်တဲ့ဖျော်ဖြေမှု တွေ ရလောက်မယ်လို့ ယုံကြည်မိပါတယ်။
    အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Ok-Vin ဆိုတာလည်း ကိုရီယားရုပ်ရှင်လောကမှာ နာမည်ရပြီးသား အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သလို Thirst တို့လို The Front Line တို့လို (အဲဒီကားတွေထဲမှာလည်း ယခု ရုပ်ရှင်ထဲက ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Ha-Kyun နဲ့အတူ တွဲဖက်ညီညီ သရုပ်ဆောင်ဘူးခဲ့)ကားတွေမှာ သူမရဲ့ သရုပ်ဆောင်မှု ပါရမီကို ပရိသတ်တွေထံ မှတ်ကျောက်တင်ခဲ့ပြီးသားဖြစ်တာကြောင့် ဒီရုပ်ရှင်အတွက် သံသယဖြစ်ဖို့လိုမယ်မထင်ပါဘူး (ဒီကားမရိုက်ကူးခင်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် တိုက်ကွမ်ဒိုလို တိုက်ခိုက်ရေးပညာရပ်တွေကို လေ့ကျင့်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်)။ဟာသ ဒရမ်မာ အက်ရှင် စွယ်စုံကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့Shin Ha-Kyunလို သရုပ်ဆောင်ကောင်းတွေပါနေတဲ့ အတွက်ကြောင့်လည်း အရင်က အာရှရုပ်ရှင်သမိုင်းမှာ နာမည်တွင်ခဲ့တဲ့ ဂျက်မတို့လို သမိုင်းကြောင်းမျိုး ကျန်ခဲ့မလားဆိုတာတော့ ပိတ်ကားထက်ပေါ်မှာ ကြည့်ရှု့ ခံစားရုံမှာတစ်ပါး အခြားမရှိကြောင်းပါ။

    (ဇာတ်လမ်းအညွန်းကိုတော့ ကိုညီလင်းအိမ်ရဲ. facebook Acc (https://www.facebook.com/aungphyo.hlaing.9) မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူ ကတော့ Little Twinlay ပါ )

     ဒေါင်းလုပ်ဆွဲကြည့်နည်း
     

     ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
    ဆိုက်အကြီး 
      တိုက်ရိုက်ကြည့်ရန် Link (801-Mb)
     ဆိုက်အသေး
     တိုက်ရိုက်ကြည့်ရန် Link (360-Mb)
     သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
    Add Comment
    2017 Action
    Wednesday, 16 August 2017

    facebook

    twitter

    google+

    fb share

    About MM

    Related Posts
    < Previous Post Next Post >

    Labels

    2000 2004 2007 2009 2011 2012 2014 2015 2016 2017 Action Adventure Animation Asian Movie Before 2000 Boxing Chinese Drama Funny Horror Jackie Chan Collection Korea Series Transformers Collection War ဒေါင်းလုပ်ဆွဲကြည့်နည်း

    Labels

    • 2000
    • 2004
    • 2007
    • 2009
    • 2011
    • 2012
    • 2014
    • 2015
    • 2016
    • 2017
    • Action
    • Adventure
    • Animation
    • Asian Movie
    • Before 2000
    • Boxing
    • Chinese
    • Drama
    • Funny
    • Horror
    • Jackie Chan Collection
    • Korea Series
    • Transformers Collection
    • War
    • ဒေါင်းလုပ်ဆွဲကြည့်နည်း

    Copyright မြန်မာစာတန်းထိုးဇာတ်လမ်းကောင်းများ 2014 . Template Created by