Menu

Fashion Trendy
  • Drop Down

    • Abstract
    • Model
    • Techo
    • Options
  • Photography Pictures Product

    Drop Menu

    • Crystal
    • Digital
    • Graphs
    • Settings
  • Menu

    မြန်မာစာတန်းထိုးဇာတ်လမ်းကောင်းများ

    • Home
    • Digital Art
      • Pics
        • SEO 1
        • SEO 2
      • CSS
        • CSS 1
        • CSS 2
        • CSS 3
        • CSS 4
        • CSS 5
      • Jquery
        • Jquery 1
        • Jquery 2
    • Fashion
      • Product 1
        • Sub Item
        • Sub Item
      • Product 2
        • Sub Item
        • Sub Item
    • Photography
    • Design
    Go
    Home » 2016 » War » Their Finest (2016)

    Their Finest (2016)

    Their Finest (2016) မြန်မာစာတမ်းထိုး

    ၁၉၄၀ ဒုတိယ ကမ္ဘာစစ် စစ်တွင်းကာလမှာ ရှိတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေဟာ စစ်အကြောင်းကို သူ့ထက်ငါဦးအောင် ရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေပါတယ်။ များသောအားဖြင့် အဲ့ဒီ ၁၉၄၀ ကာလမှာ ရိုက်တဲ့ ရုပ်ရှင်တော်တော်များများဟာ စစ်ကို အသားပေးပြီး စစ်ထဲဝင်ဖို့စွယ်တဲ့ ရုပ်ရှင်တွေဖြစ်တတ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း စစ်တပ်ပိုင်တဲ့ ‘Ministryof Information Film Division’
    ရုပ်ရှင်ထုတ်လုပ်လေးတစ်ခုဟာ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ကြိုးစားနေပါတယ်။ အဲ့ဒီအတွက် ဇာတ်ညွှန်းရေးသူ . Catrin Cole (Gemma Arterton) နဲ့ Tom Buckley (Sam Claflin) ကဇာတ်လမ်းရှာဖွေပါတော့တယ်။ သူတို့ရှာတွေ့တဲ့ ဇာတ်လမ်းက ပြင်သစ်နိုင်ငံက Dunkirk ဆိုတဲ့မြို့လေးမှာ စစ်သား ၃ သိန်းကျော် ဂျာမန်တွေလက်ထဲ ပိတ်မိနေတာကို အရပ်သူအမွှာညီအမ နှစ်ယောက်က သွားကယ်တဲ့ ဇာတ်လမ်းပါ။ အဲ့ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်းကို အဓိက ရိုက်ပြသွားပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းကနေ ရုပ်ရှင်အဆင့်ရောက်အောင် ဘယ်လိုတွေပြင်ဆင်ကြသလဲ။ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုရဲ့ အမြတ်အစွန်းတွက်ချက်ပုံတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေ အစရှိတာတွေကို ဇာတ်ကွက်ကောင်းကောင်းတွေနဲ့ ဖော်ပြသွားပါတယ်။ ရုပ်ရှင်ရိုက်နေတုန်း ဗုံးကြဲတာတွေလည်း ကြုံတွေ့ရပါသေးတယ်။ ဒီထဲမှာမှ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေ၊ အကြီးအကဲတွေက တစ်ယောက်တစ်မျိုးစီ ဖိအားပေးကြပါသေးတယ်။ အဲ့ဒိလိုအခြေအနေမှာ ဇာတ်ညွှန်းရေးသူတွေ ဘယ်လို ရပ်တည်ကြသလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။ ဖြစ်ရပ်မှန်တိုင်းဟာ ဇာတ်လမ်းမဖြစ်ပါဘူး။ လူတွေကိုအကောင်းမြင်စိတ်ပေးဖို့ဆိုရင် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ပျော်ရွှင်စရာ ဇာတ်သိမ်းနဲ့သိမ်းပေးရပါတယ်။ ဇာတ်လမ်းကိုလည်း ရိုးရိုးရှင်းရှင်း တည်ဆောက်လို့မရပါဘူး။ လူစိတ်ဝင်စားအောင် ဇာတ်ညွှန်းရေးဆရာက အပြင်ဇာတ်ကွက်တွေထည့်ရပါတယ်။ ဒီအတွက် ဒီကားထဲက ဇာတ်ညွှန်းရေးဆရာ နှစ်ယောက် ကြိုးစားသွားပုံတွေ၊ စဉ်းစားတွေးခေါ်သွားပုံတွေဟာ ကြည့်ရှုသူ ကျွန်မကို တော်တော်လေး ဆွဲဆောင်ခဲ့ပါတယ်။ သူတို့ စကားထဲ ခဏခဏ ထည့်ပြောတဲ့ ‘ ဖြစ်ရပ်မှန်နဲ့ အကောင်းမြင်စိတ်’ ဆိုတဲ့ စကားလုံး အတွဲလေးကိုလည်း သဘောကျမိပါတယ်။ အကြိုက်ဆုံးအခန်းလေးကတော့ ဒီအမွှာညီအမနှစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကို ရုံတင်လိုက်တဲ့အခါမှာ ပရိတ်သတ်တွေချည်းပဲ အကောင်းမြင်စိတ်ရသွားတာ မဟုတ်ဘဲနဲ့ အဖြစ်အပျက်ကို မူလ ကြုံတွေ့ခဲ့ရတဲ့ အမွှာညီအမနှစ်ယောက်ရဲ့ ဘဝအတွေးအခေါ်တွေပါပြောင်းလဲသွားတာကို ရိုက်ပြသွားတဲ့အခန်းပါ။ နောက်တစ်ခု သတိထားမိတာက ဒီဇာတ်ကားထဲက ဇာတ်ဆောင်တွေက အရမ်းစကားပြောကြပါတယ်။ အဓိက ဇာတ်ဆောင်တွေ ပြောတဲ့စကားကိုပဲ ထည့်ထားတာ မဟုတ်ပါဘူး။ နောက်ခံ supporting ပေးတဲ့လူတွေရဲ့ ပြောစကားတွေကိုပါ ထည့်ရိုက်ပြသွားပါတယ်။ ဒါဟာ ရုပ်ရှင် အတော်များများ ကိုင်စွဲထားတဲ့ ‘စကားပြောကို နည်းနိုင်သမျှ နည်းအောင်လုပ်’ ဆိုတဲ့ အတွေးအခေါ်ကို ရိုက်ချိုးသွားတာပါ။ ဒါကြောင့် ဒီဇာတ်ကားထဲက ဒိုင်ယာလောခ့် တည်ဆောက်ပုံတွေကို လေ့လာစရာတစ်ခုလို့မြင်ပါတယ်။ အမြဲတမ်းဆူညံနေတဲ့ ရိုက်ကွင်းတစ်ခုကို ပုံဖော်ချင်တာကြောင့် စကားပြောအများကြီးထည့်ထားတာလားလို့တောင် ထင်မိပါတယ်။ ဇာတ်ကားထဲမှာပါတဲ့ Dunkirk ဆိုတဲ့ ဇာတ်လမ်းအကြောင်းကိုလည်း 2017 july 20 မှာ နိုင်ငံတကာမှာ ရုံတင်ပြသတော့မှာပါ။ မင်းသား Herry Style လည်း အဲ့ဒီ Dunkirk ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တော့ ရုံတင်မလဲ ဆိုတာက မသိရသေးပါဘူး။ ဇာတ်ညွှန်းဘယ်လို တည်ဆောက်သွားလဲဆိုတာ ဒီဇာတ်ကားမှာ အဓိက တွေ့ရမှာဖြစ်လို့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး လုပ်ငန်းလုပ်နေသူ တော်တော်များများ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မင်းသား Sam Claflin ကလည်း Me Before You, Hunger Games ထဲက မင်းသားဖြစ်တာကြောင့် မြန်မာပရိတ်သတ်တွေနဲ့ စိမ်းမယ်မထင်ပါဘူး။ မင်းသမီး Gemma Arterton ကတော့ Clash of Titans ထဲက မင်းသမီးဖြစ်ပါတယ်။ IMDb rating အနေနဲ့ 6.9 တောင်ရထားတဲ့ဇာတ်ကားပါ။ ဇာတ်ကားကိုကြည့်ရှုပြီးသွားရင်တော့ ၁၉၄၀ ကာလက ရုပ်ရှင်ရိုက်ကူးပုံတွေအကြောင်း ဗဟုသုတရသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကားဖြစ်လို့ review ရေးရတာလည်း နည်းနည်းတော့ လက်ဝင်ပါတယ်။ ဇာတ်ကားကိုကြည့်လိုက်ရင်တော့ ဒီထက် ရှင်းလင်းသွားမယ်ထင်ပါတယ်။ ဖျော်ဖြေရေးရုပ်ရှင်သာမက သုတ ပေးတဲ့ ရုပ်ရှင်ဖြစ်တဲ့ အတွက် မလွတ်တမ်း ကြည့်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်။
    Translate & Review by Saw Yu Nwe
    Encoded by Lwin Naung


     ဒေါင်းလုပ်ဆွဲကြည့်နည်း 
     


     ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

     တိုက်ရိုက်ကြည့်ရန် Link (591-Mb)
     
     သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
    Add Comment
    2016 War
    Sunday, 6 August 2017

    facebook

    twitter

    google+

    fb share

    About MM

    Related Posts
    < Previous Post Next Post >

    Labels

    2000 2004 2007 2009 2011 2012 2014 2015 2016 2017 Action Adventure Animation Asian Movie Before 2000 Boxing Chinese Drama Funny Horror Jackie Chan Collection Korea Series Transformers Collection War ဒေါင်းလုပ်ဆွဲကြည့်နည်း

    Labels

    • 2000
    • 2004
    • 2007
    • 2009
    • 2011
    • 2012
    • 2014
    • 2015
    • 2016
    • 2017
    • Action
    • Adventure
    • Animation
    • Asian Movie
    • Before 2000
    • Boxing
    • Chinese
    • Drama
    • Funny
    • Horror
    • Jackie Chan Collection
    • Korea Series
    • Transformers Collection
    • War
    • ဒေါင်းလုပ်ဆွဲကြည့်နည်း

    Copyright မြန်မာစာတန်းထိုးဇာတ်လမ်းကောင်းများ 2014 . Template Created by