အပေးအယူတွေနဲ့ လောက ကမ္ဘာမှာ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရစမြဲပါ။
မိမိပိုင်ဆိုင်ထားပြီးသားအရာတစ်ခုကို လက်လွတ်ဆုံးရှုံးခံပြီး
ပိုကောင်းမယ်ထင်လို့ ပြောင်းလဲလိုက်တဲ့ အရာတွေရဲ့နောက်ကွယ်က
အမှန်တရားဘာလဲဆိုတာ ဆုံးဖြတ်ရခက်လွန်းပါတယ်။ ဒီဇာတ်ကားမှာ
အဲလိုမျိုးအခြေအနေရောက်နေတဲ့ရိုက်ကွက်တွေ အများကြီးတွေ့ရပါတယ်။ သူ့ကို
ကယ်ရင်ကောင်းမလား မကယ်ရင် ဘာအကျိုးရှိမလဲ၊ ကိုယ်ခံယူထားတဲ့အရာကို
အလဟဿအဖြစ်ခံမှာလား ဆိုတဲ့ ဒွိဟအတွေးတွေ တောက်လျှောက်ဝင်လာအောင်
လုပ်နိုင်တဲ့ ဝါရင့်ဗီလိန်ကြီးအဖြစ် သရုပ်ဆောင်တဲ့ Ben Kingsley ကလည်း
ဒီဇာတ်ကားရဲ့အခရာပါပဲ။
နောက်တစ်ဦးကတော့ Zorrow မင်းသားလို့ လူသိများတဲ့ Antonio Banderas ပဲ
ဖြစ်ပါတယ်။ သူရဲ့သရုပ်ဆောင်ချက်တွေရဲ့နောက်ကြောင်းကို ပြန်ကြည့်မိတော့
ပြဇာတ်လောကမှာကတည်းက နာမည်ရှိထားပြီး ထူးခြားတဲ့ အသံလုံးကြီးကြီးနဲ့
နုနုရွှရွှလေးစကားပြောတက်တာက သူရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ တစ်ဖက်လူကို နားဝင်အောင်၊ ရှိန်သွားအောင်
ပြောနိုင်တဲ့အကွက်တွေနဲ့ သူရဲ့အရည်အချင်းကို ထုတ်ဖော်ထားပါတယ်။ ပြီးတော့
၁၉၆၀ ဖွား မင်းသားကြီးဟာ အသက် ၅၇ နှစ်ဆိုတဲ့အရွယ် ဖြစ်နေပေမဲ့
ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဇာတ်ရုပ်နဲ့လိုက်အောင် လေ့ကျင့်ထားနိုင်တာဟာ
ချီးကျူးစရာပါ။ (ဒါတောင် အရပ်က ၅ ပေ ၈ လက်မခွဲ ပဲ ရှိလို့)
ဒီဇာတ်ကားရဲ့အဓိကပေးချင်တဲ့ အကြောင်းအရာထဲမှာ
ဖခင်မေတ္တာဆိုတဲ့အရာလည်းပါဝင်ပါတယ်။ အဖေရဲ့မဖော်ပြတက်တဲ့ ချစ်ခြင်းကို
သားသမီးက မမြင်၊ သားသမီးရဲ့လိုအပ်ချက်ကို ဘယ်လိုပေးရမလဲ မသိတဲ့ဖခင် စတဲ့
လွဲနေတက်တဲ့အရာလေးကိုလည်း စကားပြောခန်းတွေထဲမှာ တည့်မတ်ပေးသွားပါတယ်။
ထုတ်လုပ်ရေးကလည်း London has Fallen ထုပ်လုပ်သူ ဖြစ်ပါတယ်။
သေချာတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ဆီက သဘာဝနဲ့သိပ်မကင်းကွာတဲ့
အက်ရှင်ကားလိုမျိုးကို ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့
ဇာတ်ကားဖြစ်ပါကြောင်း...
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Related Posts