ဂျက်ကီချန်းကားတွေကိုဆက်တိုက်ဘာသာပြန်လာသူ မောင်ဦး ရဲ့
စတုတ္ထမြောက်ဘာသာပြန်တဲ့ ဇာတ်ကားကလည်း ဂျက်ကီချမ်းရဲ့ နာမည်ကြီးဇာတ်ကား
Wheels on Meals ဖြစ်ပါတယ်။ ဆိုဒ်အကြီးအသေး နှစ်ခုတင်ထားပေးပါတယ်။
နှစ်သက်ရာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ရုပ်ရှင်အညွှန်း
Jackie Chanရဲ့ Wheels on mealsဇာတ်ကားလေးကလည်း Golden
Harvestရုပ်ရှင်Productionကနေ၁၉၈၄ခုနှစ်မှာ ထုတ်ခဲ့တဲ့ Jackie Chanရဲ့
ဇာတ်ကားကောင်း တစ်လက်ပါပဲ Project Aနဲ့ အတူအောင်မြင်လာတဲ့ ဂျက်ကီချန်းရဲ့
နောက်ထပ် ဖန်တီးမှုတစ်ခုပါ
ဒီကားမှာ သူနဲ့အတူတူ ပီကင်းအော်ပရာ
အကယ်ဒမီကျောင်းကနေတစ်ကျောင်းတည်းထွက်တွေဖြစ်ကြတဲ့ Yuen
biao(ဘောလုံးမင်းသား)နဲ့ Summo Hung(ဝတုတ်မင်းသား)တို့ပါ
သရုပ်ဆောင်ထားကြပါတယ် သူတို့က ငယ်ငယ်ကတည်းက အတူတူလက်တွဲခဲ့ကြတာပါ
ဒီဇာတ်ကားလေးမှာ
Thomas(ဂျက်ကီချန်း)နဲ့ David(ဘောလုံးမင်းသား)က ညီအစ်ကိုတစ်ဝမ်းကွဲတွေပါ
သူတို့က ဈေးကွက်လပ်လေးတစ်ခုမှာ အစားအသောက်တွေရောင်းပြီးတော့
သာမန်စီးပွားရေးလေး လုပ်နေကြပါတယ် Davidကချက်ပြုတ်ကြော်လှော်တဲ့သူ၊
Thomasကတော့ စကိတ်ဘုတ်လေးနဲ့ လိုက်ပြီး ပို့ရတဲ့သူပေါ့။
Davidရဲ့အဖေကတော့ စိတ်မနှံ့တဲ့သူတစ်ယောက်ပါ သူ့အဖေရဲ့ အချစ်သစ်ကတော့ Sylviaရဲ့အမေပါ
သူတို့ရောင်းချနေတဲ့နေရာမှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ လူမိုက်တစ်စုကိုလည်း သည်းမခံနိုင်လို့ ရင်ဆိုင် တိုက်ခိုက်ခဲ့ရပါတယ်။
Moby(ဝတုတ်မင်းသား)ဆိုတဲ့ ပေါကြောင်ကြောင်နဲ့ ကိုးရိုးကားရားနိုင်တဲ့
အလွတ်စုံထောက်တစ်ယောက်ကတော့ Gloriaကို ရှာဖွေဖို့ တာဝန်အပ်နှံခံခဲ့ရပါတယ်။
Gloriaရဲ့သမီးလေးက Sylviaပါ Sylviaက ငယ်ငယ်ကတည်းက
လမ်းမပေါ်မှာကြီးပြင်းလာလို့ ခါးပိုက်နှိုက်ဘဝနဲ့ ဝမ်းရေးကို
ဖြေရှင်းနေရသူလေးပါ Sylviaလေး ဒုက္ခရောက်နေတာကို Thomasတို့က
ဝင်ရောက်ကူညီရင်းနဲ့
Thomasတို့ညီအစ်ကိုတို့နဲ့ပတ်သက်ဆက်နွယ်မှုတွေဖြစ်ကုန်ပါတယ်။Davidက
Sylviaကို မြင်မြင်ချင်း နှစ်သက်ချစ်ခင်ခဲ့ပါတယ် Sylviaက
ငွေကြေးချမ်းသာမှုတွေကို အမွေဆက်ခံမဲ့ သူတစ်ယောက်လို့ သိလိုက်ရချိန်မှာ
ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်း ပြန်ပေးဆွဲခဲ့ကြပါတယ် Thomas, Davidနဲ့ Mobyတို့က
လူဆိုးတွေလက်ထဲကနေ Slyviaကို ဘယ်လို ပြန်လည်ကယ်တင်ကြလဲဆိုတာကိုတော့
ဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါ .............
(Fightတင်ခန်းတွေက ရှယ်တွေချည်းပါပဲ ဘာအကူအညီမှမပါဘဲ လူချည်းအနာခံပြီး ရိုက်ကူးထားတာပါ )
Golden Harvestကအစဦးတုန်းကဒီဇာတ်ကားကို" Meals on Wheels"လို့ပေးပြီးမှ
သူတို့ရဲ့ဒီဇာတ်ကားမတိုင်ခင် ထွက်ရှိခဲ့တဲ့ကားတွေကတော့"Megaforce"နဲ့
"Menage A Trios" ဇာတ်ကားနှစ်ကားက"M"နဲ့ချည်း စနေတာကြောင့် Wheels On
Meals"ပြန်လည်ပြောင်းလဲပေးခဲ့တာပါ။
Wheel on meals ဇာတ်ကားရဲ့ဟောင်ကောင်မှာ ရုံတင်ပြသလို့ရတဲ့ အမြတ်ငွေကတော့ HK $21,465,013 ပါ။
ရုပ်ရှင်အညွှန်း - မောင်ဦး
[FORMAT]:………………………….:[ 720p HD MP4
[GENRE]:………………………… .:[ Comedy, Crime, Action
[FILE SIZE]:……………………….:[ Large- 836 MB , Small- 445 MB
[RESOLUTION]:………………….:[ 720 x 390 , 640 x350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 40mins
[Translate By]:……………………..:[ မောင်ဦး
Related Posts