Anthropoid (2017) မြန်မာစာတမ်းထိုး
ဒုတိယ
ကမ္ဘာစစ်ကြီးအတွင်းက Anthropoid စစ်ဆင်ရေးလို့ ခေါ်တဲ့ စီမံကိန်းတစ်ခု
ရှိခဲ့ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဟစ်တလာနဲ့ ဟင်းမလားတို့ပြီးရင်
တတိယမြောက် အာဏာရှိတဲ့
ဗိုလ်ချုပ်ကြီး ရိန်းဟက်ဟေးဒရစ်ကို လုပ်ကြံဖို့ပါပဲ။
ဟေးဒရစ်ဟာ Final Solution ရဲ့ နောက်ကွယ်က အဓိက ထောက်တိုင်ကြီးဖြစ်ပြီး
ချက်ကိုစလိုဗေးကီးယားနိုင်ငံက နာဇီတပ်တွေရဲ့ ခေါင်းဆောင်တစ်ဦးလည်း
ဖြစ်တယ်။ ဒီစစ်ဆေးရေးမှာ လျှို့ဝှက်တာဝန်ထမ်းဆောင်ရမယ့် စစ်သားနှစ်ဦးက
ဂျန်နဲ့ ဂျိုးဆက်တို့ပဲ ဖြစ်ပါတယ်။ သူတို့တာဝန်သာ ကျေပွန်ခဲ့ရင်
ဥရောပစစ်မျက်နှာကို ထာဝရ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ကမ္ဘာ့သမိုင်းအကြောင်းသိတဲ့သူတွေအတွက် အဖြေကို သိထားပြီး ဖြစ်ပေမယ့်
စစ်သားနှစ်ဦး ဘယ်လို သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့ရသလဲဆိုတာကို
ဒီဖြစ်ရပ်မှန်ရုပ်ရှင်မှာ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ။ Tom Cruise
ပါဝင်တဲ့ Valkyre ရုပ်ရှင်လိုပဲ ဒီဇာတ်ကားဟာလည်း ဟစ်တလာခေတ်က
လျှို့ဝှက်စစ်ဆင်ရေးတစ်ခု အကြောင်း သည်းထိတ်ရင်ဖို ရိုက်ကူးထားတာ ဖြစ်လို့
သမိုင်းနောက်ခံ စစ်ကားများကြိုက်သူတွေ မလွဲမသွေ အကြိုက်တွေ့မယ့်
ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
မင်းသားတွေကတော့
Fifty Shades of Grey နဲပ နာမည်ကြီးတဲ့ ဂျေမီ ဒေါ်နန်နဲ့ Batman Begins မှာ
လင်းနို့လူသားရဲ့ ရန်သူတော် ဆရာဝန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး
စီလီယန် မာဖီတို့ ဖြစ်ပါတယ်။ ဆက်စီကျကျ သရုပ်ဆောင်ခဲ့တဲ့ ဂျေမီရဲ့
သရုပ်ဆောင်စွမ်းရည်ကို ဒီသမိုင်းဝင်စစ်ကားကြီးမှာ ဘယ်လိုမြင်ရဦးမလဲဆိုတာ
စောင့်ကြည့်ကြပါစို့လား။ Rating တွေလည်း ကောင်းပြီးသား ဖြစ်လို့ တွမ်
Valkyre ကို မီမမီဆိုတာတော့ ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြရအောင်။
Translated by Pyae Phyo Kyaw
Reviewed by Wai Yan
Encoded by Lwin Naung
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Related Posts